ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကျောက်တော်-သရက်အုပ် ကျေးရွာချင်းဆက် လမ်းပေါ်နှင့် လမ်းဘေးတစ်လျှောက်တွင် စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်များကို အမြန်ဆုံး ရှင်းလင်းပေးရန် ကျောက်တော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အား ဒေသခံများက တောင်းဆိုလိုက်ကြသည်။ကျောက်တော်မြို့ပေါ်မှ ထွက်ရှိသည့် အမှိုက်များကို အဆိုပါ လမ်းဘေးတစ်လျှောက် လာရောက်စွန့်ပစ်ထားသဖြင့် အမှိုက်များ ပြန့်ကျဲနေပြီး မိုးရာသီတွင် အနံ့ဆိုးရွားစွာ ထွက်ပေါ်နေ၍ လမ်းသွားလမ်းလာများနှင့် အနီးအနားရှိ လယ်ယာလုပ်ကိုင်သူများ ကျန်းမာရေး ထိခိုက်မှုများနှင့် အခက်အခဲများ ကြုံတွေ့နေရသည်။ထို့ပြင် အမှိုက်များအပြင် လမ်းမှာလည်း သွားလာရခက်ခဲသည်အထိ ပျက်စီးနေသဖြင့် ကျန်းမာရေး၊ ပညာရေး သွားလာမှုများ ကြန့်ကြာနေရကြောင်းနှင့် လယ်ကွင်းများအတွင်း ပလတ်စတစ်နှင့် ပုလင်းကွဲများ ဝင်ရောက်မှုကြောင့် မိုးစပါး စိုက်ပျိုးချိန်တွင် လယ်ကွင်းများ ပျက်စီးမှု ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး ပူးပေါင်း ဖြေရှင်းပေးစေလိုကြောင်း ဒေသခံများက ဆိုသည်။
ရခိုင်ပြည်နယ် ကျောက်တော်-သရက်အုပ် လမ်းပေါ်ရှိ စည်းမဲ့ကမ်းမဲ့ အမှိုက်များကို အမြန်ရှင်းပေးကြပါရန် ဒေသခံများ တောင်းဆိုနေ
Jul 26 • 3:36 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 12 | 0 | 0 | 0 |


