back

ဗီယက်နမ်လေကြောင်းလိုင်းက Boeing 737 MAX 8 လေယာဉ် ၁၉ စီး ထပ်မံဌားရမ်း

Jul 26 • 3:35 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်လေကြောင်းလိုင်းက Boeing 737 MAX 8 လေယာဉ် ၁၉ စီး ထပ်မံဌားရမ်း

ဗီယက်နမ်အမျိုးသားလေကြောင်းလိုင်း (Vietnam Airlines) သည် အနာဂတ် လေကြောင်းခရီးစဉ် ဝယ်လိုအား တိုးတက်လာမှုကို ဖြည့်ဆည်းရန်နှင့် စျေးကွက်ပြိုင်ဆိုင်စွမ်းအား မြှင့်တင...

ဗီယက်နမ်အမျိုးသားလေကြောင်းလိုင်း (Vietnam Airlines) သည် အနာဂတ် လေကြောင်းခရီးစဉ် ဝယ်လိုအား တိုးတက်လာမှုကို ဖြည့်ဆည်းရန်နှင့် စျေးကွက်ပြိုင်ဆိုင်စွမ်းအား မြှင့်တင်ရန်အတွက် Boeing 737 MAX 8 လေယာဉ် ၁၉ စီးကို နိုင်ငံတကာ ငှားရမ်းရေး ကုမ္ပဏီကြီး ၃ ခုထံမှ ငှားရမ်းရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူညီချက်များကို ဗြိတိန်နိုင်ငံ၌ ကျင်းပသည့် Farnborough International Airshow 2026 တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လေယာဉ်များကို ၂၀၂၈ ခုနှစ်တွင် စတင်လွှဲပြောင်းရယူမည်ဖြစ်သည်။

အိုင်ယာလန်အခြေစိုက် SMBC Aviation Capital ထံမှ လေယာဉ် ၁၀ စီး၊ Avolon Aerospace Leasing ထံမှ ၄ စီးနှင့် အမေရိကန်အခြေစိုက် Phoenix Aviation Capital ထံမှ ၅ စီး ငှားရမ်းမည် ဖြစ်သည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ မှတ်ပုံတင်ထားသည့် လေယာဉ် စုစုပေါင်း ၂၈၀ စီးရှိသော်လည်း Pratt & Whitney အင်ဂျင် လိုအပ်ချက်များကြောင့် Airbus A321neo လေယာဉ် ၁၇ စီးမှာ ပြေးဆွဲမှု ရပ်နားထားရသဖြင့် လေယာဉ်သစ် ငှားရမ်းမှုများဖြင့် လေကြောင်းလိုင်း၏ ပြေးဆွဲနိုင်စွမ်းကို မြှင့်တင် ဆောင်ရွက်နေခြင်း ဖြစ်သည်။

news-view-count-icon

2