back

နေပြည်တော်၌ လူမနေသည့် နေအိမ် ခြံဝင်းများအတွင်း ခိုးဝင် နေထိုင်သူများ ရှိနေသဖြင့် အိမ်စောင့်များ ခေါ်ယူထားရှိနေရ

Jul 26 • 3:34 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၌ လူမနေသည့် နေအိမ် ခြံဝင်းများအတွင်း ခိုးဝင် နေထိုင်သူများ ရှိနေသဖြင့် အိမ်စောင့်များ ခေါ်ယူထားရှိနေရ

နေပြည်တော်တွင် လူနေထိုင်ခြင်း မရှိဘဲ ရင်းနှီးမြှုပ်နှံမှု အဖြစ် ဝယ်ယူထားသည့် နေအိမ်နှင့် ခြံဝင်းများအတွင်း ခိုးဝင် နေထိုင်သူများ ရှိလာသဖြင့် ပိုင်ရှင်များအနေဖြင...

နေပြည်တော်တွင် လူနေထိုင်ခြင်း မရှိဘဲ ရင်းနှီးမြှုပ်နှံမှု အဖြစ် ဝယ်ယူထားသည့် နေအိမ်နှင့် ခြံဝင်းများအတွင်း ခိုးဝင် နေထိုင်သူများ ရှိလာသဖြင့် ပိုင်ရှင်များအနေဖြင့် ခြံစောင့်များကို မဖြစ်မနေ ခေါ်ယူ ထားရှိနေရကြောင်း ဒေသခံ အိမ်ခြံမြေ ဝယ်ရောင်းများနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။အဆိုပါ နေအိမ်များသည် ပိုင်ရှင်ဖြစ်သူမှ အချိန်ကြာမြင့်သည်အထိ လာရောက်ကြည့်ရှုခြင်း မရှိဘဲ ခြံကျယ်ပြီး လူပြတ်သည့် နေရာများတွင် ရှိနေသဖြင့် အခမဲ့ ဝင်ရောက် နေထိုင်ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ပိုင်ရှင်များက အသိမိတ်ဆွေ ချို့တဲ့သူများကို လခပေးကာ စောင့်ရှောက်ခိုင်းခြင်း၊ လူမှုကွန်ရက်မှတစ်ဆင့် ခေါ်ယူခြင်းများ ပြုလုပ်နေကြရသည်။သို့သော်လည်း ခြံစောင့်အလုပ်မှာ နေအိမ်၌ နေ့ရောညပါ ခွင့်မရှိ နေထိုင်စောင့်ရှောက်ပေးရသဖြင့် လုပ်ကိုင်လိုသူ ရှားပါးလျက်ရှိသည်။ လက်ရှိ နေပြည်တော်၌ ခြံစောင့်အလုပ်သမား လစာမှာ တစ်လလျှင် ကျပ် ၂ သိန်းမှ ၄ သိန်းကြား ရှိပြီး ဘဏ်၊ ကုမ္ပဏီနှင့် ဆိုင်ကြီးများ၏ ညစောင့်အလုပ်မှာ တစ်လလျှင် ကျပ် ၃ သိန်းဝန်းကျင် ရှိကြောင်း သိရသည်။

news-view-count-icon

12