back

ကမ္ဘောဒီးယား၌ သီဟိုဠ်စေ့ တင်ပို့မှု ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီယံအထိ ရရှိ

Jul 26 • 3:33 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား၌ သီဟိုဠ်စေ့ တင်ပို့မှု ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီယံအထိ ရရှိ

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက် (ဇန်နဝါရီလမှ ဇွန်လအထိ) အတွင်း သီဟိုဠ်စေ့ အစိမ်း တန်ချိန် ၁ ဒသမ ၀၃ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒ...

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက် (ဇန်နဝါရီလမှ ဇွန်လအထိ) အတွင်း သီဟိုဠ်စေ့ အစိမ်း တန်ချိန် ၁ ဒသမ ၀၃ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ကြောင်း ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) က ထုတ်ပြန်ခဲ့သည်။ ယင်း ပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်သည်။ထွက်ရှိသမျှ သီဟိုဠ်စေ့ အများစုကို အိမ်နီးချင်း ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး ဈေးနှုန်းများမှာလည်း မှန်မှန်မြင့်တက်လျက်ရှိသည်။ လက်ရှိ ဇူလိုင်လတွင် သီဟိုဠ်စေ့တစ်ကီလိုလျှင် ၈,၂၀၀ ရီယယ် (၂ ဒသမ ၀၅ ဒေါ်လာ) အထိ ဈေးရရှိနေပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ၇,၅၀၀ ရီယယ်သာ ရရှိခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်နယ် ၁၀ ခု၌ သီဟိုဠ်စေ့ စိုက်ပျိုးမြေ ဟက်တာပေါင်း ၇၀၀,၀၀၀ ခန့်ရှိပြီး ဆန်၊ ရာဘာ၊ ကာဆာဗာ ပိန်းဥ၊ ငှက်ပျော၊ သရက်၊ မရမ်းနှင့် ငရုတ်ကောင်းတို့နည်းတူ အဓိက စီးပွားဖြစ် စိုက်ပျိုးရေးသီးနှံ တစ်ခုဖြစ်သည်။

news-view-count-icon

10