back

ပဲခူးတိုင်း တောင်ငူမြို့ ဘိုးဘွားရိပ်သာ စေတီရှိ ကြေးဆင်းတုတော်များ လက်ဖြတ် ခိုးယူခံရ

Jul 26 • 3:09 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်း တောင်ငူမြို့ ဘိုးဘွားရိပ်သာ စေတီရှိ ကြေးဆင်းတုတော်များ လက်ဖြတ် ခိုးယူခံရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) ရဲစခန်းအနီးရှိ ဘိုးဘွားရိပ်သာ စေတီမှ ကြေးဆင်းတုတော်များ၏ ဝဲဘက် လက်ကောက်ဝတ်အရင်းမှ လွှဖြင့် တိုက်ဖြတ်၍ ခိုးယူခံရသည့် ...

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) ရဲစခန်းအနီးရှိ ဘိုးဘွားရိပ်သာ စေတီမှ ကြေးဆင်းတုတော်များ၏ ဝဲဘက် လက်ကောက်ဝတ်အရင်းမှ လွှဖြင့် တိုက်ဖြတ်၍ ခိုးယူခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။အဆိုပါ ကြေးဆင်းတုတော် လေးဆူခန့်၏ လက်များမှာ ဇူလိုင်လ တတိယအပတ်အတွင်း ဖြတ်တောက် ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ သာသနိက အဆောက်အအုံနှင့် ရုပ်ပွားတော်များကို ဖျက်ဆီး ခိုးယူသူများအား ထိရောက်စွာ အရေးယူနိုင်ရေး လိုက်လံ ဆောင်ရွက်သွားမည်ဟု အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးသူများက ဆိုသည်။တောင်ငူမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း သမိုင်းဝင် ရွှေဆံတော် ဘုရားကြီး၏ အရံစေတီငယ်မှ ကြေးခေါင်းလောင်းအား ကလေးငယ်တစ်ဦးမှ ခိုးယူမှုဖြစ်ပွားခဲ့၍ ဆုံးမပြောဆိုကာ ရဲစခန်းသို့ အပ်နှံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

news-view-count-icon

18