ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့မဈေးမြောက်ဘက် ကုန်သည်လမ်းရှိ ညဈေးတန်းတွင် ရေမြောင်းစနစ် မကောင်းမွန်ခြင်းနှင့် စည်းကမ်းမဲ့ အမှိုက်/စွန့်ပစ်ပစ္စည်းများကြောင့် အနံ့အသက်ဆိုးများ ထွက်ပေါ်နေ၍ ဒေသခံများနှင့် ဈေးသည်များ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။အဆိုပါ ညဈေးတန်းကို တပင်ရွှေထီးလမ်းမှ ယခု ကုန်သည်လမ်းသို့ မေလအတွင်းက ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ ရေမြောင်း ဆောက်လုပ်မှု မပြီးစီးသေးသဖြင့် မိုးရွာပါက လမ်းပေါ်သို့ ရေများလျှံတက်ကာ ယင်ကောင်များပြားခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်မည်ကို မြို့ခံများက စိုးရိမ်နေကြသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ညဈေးကော်မတီဝင်တစ်ဦးက သန့်ရှင်းရေး လုပ်ဆောင်ထားပြီးဖြစ်ကြောင်းနှင့် ကုမ္ပဏီဘက်မှ ရေမြောင်းဆောက်လုပ်ရေး လုပ်ငန်းများ ပြီးစီးပါက အဆင်ပြေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ညဈေးတန်းသည် ဒေသထွက် ရိုးရာအစားအသောက်များနှင့် အထည်ဆိုင်များ အဓိက ရောင်းချသည့် မြို့၏ အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။
Jul 26 • 2:26 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 13 | 0 | 0 | 0 |


