back

ရှမ်းပြည်နယ် တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်းရေ တိုးလာသဖြင့် တာလော့ရပ်ကွက်အတွင်း ရေဝင်ရောက်မှု ဖြစ်ပွား

Jul 26 • 2:26 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်းရေ တိုးလာသဖြင့် တာလော့ရပ်ကွက်အတွင်း ရေဝင်ရောက်မှု ဖြစ်ပွား

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇူလိုင် ၂၅ ရက်က မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ် မရောက်သေးသော်လည်း တာလော့ဈေးနှင့် ပုန်းထွန်ရပ်...

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇူလိုင် ၂၅ ရက်က မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ် မရောက်သေးသော်လည်း တာလော့ဈေးနှင့် ပုန်းထွန်ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ထို့ပြင် မိုင်းဖုန်းဘက်ရှိ ပိန်းညောင်ရွာလမ်းတွင်လည်း ကားများ သွားလာ၍ မရသည်အထိ ရေတက်လာခဲ့သည်။ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် မေလအတွင်းက ချောင်းများ၌ နုန်းဆယ်ယူရေးနှင့် ရေမြောင်းရှင်းလင်းရေးများ ဆွေးနွေးခဲ့ကြသော်လည်း လက်တွေ့တွင် ရေကြီးမှုဒဏ်ကို ကြုံတွေ့နေရဆဲ ဖြစ်သည်။ယမန်နှစ် မိုးရာသီကလည်း တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ၂၇ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

news-view-count-icon

17