မြန်မာနိုင်ငံတွင် ဇန်နဝါရီလမှ ဇွန်လအထိ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁,၆၈၆ မှု ဖြစ်ပွားခဲ့ရာ လူ ၉၃၂ ဦး သေဆုံးပြီး ၂,၃၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (RTAD) ၏ ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက စုစုပေါင်း ဖြစ်ပွားမှု အရေအတွက်နှင့် ဒဏ်ရာရရှိသူ အရေအတွက်မှာ အနည်းငယ် လျော့ကျသွားသော်လည်း သေဆုံးသူ အရေအတွက်မှာမူ ၄.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။သေဆုံးသူ အရေအတွက်များတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၉၁ ဦးဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးက ၁၂၈ ဦးဖြင့် ဒုတိယနှင့် ပဲခူးတိုင်းဒေသကြီးက ၁၂၂ ဦးဖြင့် တတိယ အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
Jul 26 • 2:03 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


