သတ်မှတ် လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်း မရှိဘဲ စက်မှုဇုန်များတွင် စက်ရုံဖယ်ရီ ပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ဇူလိုင် ၂၅ ရက်မှစ၍ ရာသက်ပန် CNG ဝယ်ယူခွင့် ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။တာဝန်ရှိသူများ၏ စိစစ်တွေ့ရှိချက်အရ အရေးယူခံရသည့် အဆိုပါ မော်တော်ယာဉ် ၁၀ စီး၏ နံပါတ်များကို CNG အရောင်းဆိုင်များ အားလုံးတွင် ကြေညာထားမည်ဖြစ်သည်။ထို့အပြင် CNG ယာဉ်များအချင်းချင်း တရားမဝင် CNG ပြန်လည်ရောင်းချပါကလည်း ကျူးလွန်သည့် ယာဉ်များကို ရာသက်ပန် CNG ဝယ်ယူခွင့် ပိတ်သိမ်းသည်အထိ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


