၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလား (ASEAN Hyundai Cup 2026) အုပ်စု (B) အဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် မလေးရှားအသင်းကို ၂ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ပွဲစတင်ချိန် ၁၀ မိနစ်တွင် မြတ်ကောင်းခန့်၏ သွင်းဂိုးဖြင့် မြန်မာအသင်းက စတင် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၅၂ မိနစ်နှင့် ၅၇ မိနစ် (ပင်နယ်တီ) တို့တွင် မလေးရှား အသင်းခေါင်းဆောင် ပေါ်လိုဂျိုဆူး၏ ချေပဂိုးနှင့် အနိုင်ဂိုးများကြောင့် ရလဒ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။မြန်မာအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမည့် ဇူလိုင် ၂၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်း၌ ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး၊ ထို့နောက် ဩဂုတ် ၄ ရက်တွင် လာအိုအသင်း (အိမ်ကွင်း)၊ ဩဂုတ် ၈ ရက်တွင် ထိုင်းအသင်း (အဝေးကွင်း) တို့နှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
Jul 26 • 1:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


