လာအိုနိုင်ငံ၊ ဗင်းကျန်းမြို့တော်ရှိ ထင်ရှားသည့် Sihom ညဈေး (Hengboun Food and Culture Street) ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ပိတ်သိမ်းခဲ့သဖြင့် စိစစ်နေရာချထားပေးခြင်း မရှိသေးသော ဈေးသည် ရာပေါင်းများစွာမှာ ရှေ့ဆက် လုပ်ကိုင်စားသောက်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ မြို့တော် သန့်ရှင်းသပ်ရပ်ရေး၊ ယာဉ်ကြော ပိတ်ဆို့မှု လျှော့ချရေးနှင့် မြို့ပြ အဆင့်မြှင့်တင်ရေး စီမံကိန်းများအတွက် အဆိုပါ ညဈေးကို ပိတ်သိမ်းရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။Sihom ညဈေးသည် ပြည်တွင်းပြည်ပ ခရီးသွားများအကြား လမ်းဘေး အစားအသောက်များနှင့် အဝတ်အထည်များ ဝယ်ယူရန် ရေပန်းစားသည့် နေရာတစ်ခုဖြစ်သော်လည်း အာဏာပိုင်များဘက်မှ အစားထိုး ရောင်းချနိုင်မည့် နေရာသစ်များအား အချိန်မီ ရေရေရာရာ စီစဉ်ပေးထားခြင်း မရှိသေးပေ။ ထို့ကြောင့် ဈေးသည်များအနေဖြင့် မိသားစု စားဝတ်နေရေးနှင့် ဝင်ငွေ ထိခိုက်လာမည်ကို စိုးရိမ်လျက်ရှိကြပြီး အစိုးရအနေဖြင့် ရောင်းချရန် နေရာသစ် အမြန်ဆုံး လျာထားပေးရန် တောင်းဆိုလျက်ရှိကြသည်။
Jul 26 • 2:04 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 1 | 0 | 0 | 0 |


