ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ဇူလိုင် ၂၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲတွင် စာချုပ်ချုပ်ဆိုမှု ၂၅ နှစ်ပြည့်နှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ တွေ့ဆုံမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ မြှင့်တင်နိုင်ခဲ့ကြောင်းနှင့် ရုရှား၏ လာမည့် အောက်လွှတ်တော် ရွေးကောက်ပွဲကို တရုတ်က ဆုမွန်ကောင်းတောင်းခဲ့သည်။ထို့ပြင် ဒုတိယကမ္ဘာစစ် ရလဒ်များကို ထိန်းသိမ်းရန်နှင့် ဂျပန်နိုင်ငံ၏ စစ်ရေး ပြန်လည်တိုးချဲ့မှု၊ နျူကလီးယား စွမ်းရည်ရယူရန် အရှိန်မြှင့် ဆောင်ရွက်နေမှုများကို နှစ်နိုင်ငံစလုံးက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။နည်းပညာပိုင်းတွင်လည်း ကမ္ဘာ့ AI ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၌ ရုရှား ပါဝင်လာမှု အပါအဝင် နည်းပညာ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုလသမဂ္ဂ၊ APEC၊ BRICS၊ G-20 စသည့် နိုင်ငံစုံ မူဘောင်များတွင် မဟာဗျူဟာမြောက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန် နှစ်ဖက် သဘောတူ ဆွေးနွေးခဲ့ကြသည်။
Jul 26 • 1:39 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


