back

သက်လွန်ကလေးများ ပညာရေးအတွက် အသက်သတ်မှတ်ချက် ဖြေလျှော့၍ တန်းညှိပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်

Jul 26 • 1:40 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သက်လွန်ကလေးများ ပညာရေးအတွက် အသက်သတ်မှတ်ချက် ဖြေလျှော့၍ တန်းညှိပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသည့် သက်လွန်ကလေးများ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် အသက်သတ်မှတ်ချက်များ ဖြေလျှော့ကာ Placement Te...

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသည့် သက်လွန်ကလေးများ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် အသက်သတ်မှတ်ချက်များ ဖြေလျှော့ကာ Placement Test ဖြေဆိုခွင့်ကို လာမည့် ဩဂုတ်လ ဒုတိယအပတ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME) Level-3 အောင်မြင်သူများကို Grade-9 အောင်မြင်သူအဖြစ် သတ်မှတ်ပေးမည်ဖြစ်ပြီး အသက် ၁၃ နှစ်မှ ၁၈ နှစ်အတွင်း ကလေးများမှာ ပုံမှန် အထက်တန်းကျောင်းသို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်သည်။ အသက် ၁၈ နှစ်အထက် ကလေးများမှာမူ Grade-10၊ 11 နှင့် 12 တို့ကို ကျောင်းတွင်းစစ် ပြင်ပဖြေစနစ်ဖြင့် ဆက်လက် ဖြေဆိုနိုင်မည် ဖြစ်သည်။Placement Test ဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူးများက စိစစ်ဆောင်ရွက်လျက်ရှိပြီး အရေးပေါ်အခြေအနေ ကြေညာထားသည့် ဒေသများမှ ကလေးများအနေဖြင့် ပညာရေး အထောက်အထား မပြည့်စုံပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ကျန်းမာရေးမှူးတို့၏ ထောက်ခံချက်များဖြင့် ဖြေဆိုခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

25