ကယားပြည်နယ်၊သံတောင်ကြီးမြို့၏ အရှေ့မြောက်ဘက် (၃) မိုင်ခန့်အကွာကို ဗဟိုပြု၍၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၆ မိနစ်ခန့်တွင် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။အဆိုပါ ငလျင်သည် တောင်ငူမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁) မိုင်ခန့် ကွာဝေးသော နေရာ (မြောက်လတ္တီတွဒ် ၁၉.၁၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၇၁ ဒီဂရီ)၊ အနက် (၅) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ပမာဏ ၃.၈ အဆင့်ဖြင့် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း သိရသည်။
Jul 26 • 1:37 AM
မြန်မာ
ကယား
မျှဝေမည်
| 21 | 0 | 0 | 0 |


