back

ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီသာမာရတ်ရှိ ဝပ်ဖရာမဟာသက် စေတီတော် ထိုင်းတောင်ပိုင်း၏ ပထမဆုံး ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဖြစ်လာ

Jul 25 • 12:47 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီသာမာရတ်ရှိ ဝပ်ဖရာမဟာသက် စေတီတော် ထိုင်းတောင်ပိုင်း၏ ပထမဆုံး ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဖြစ်လာ

ထိုင်းနိုင်ငံ တောင်ပိုင်း Nakhon Si Thammarat ရှိ Wat Phra Mahathat Woramahawihan ဘုရားကျောင်းတော်ကြီးကို ယူနက်စကို (UNESCO) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် တရားဝင်...

ထိုင်းနိုင်ငံ တောင်ပိုင်း Nakhon Si Thammarat ရှိ Wat Phra Mahathat Woramahawihan ဘုရားကျောင်းတော်ကြီးကို ယူနက်စကို (UNESCO) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် တရားဝင် ထည့်သွင်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကျင်းပသည့် အကြိမ် (၄၈) မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ နှစ်ပေါင်း ၁,၅၀၀ ကျော်တိုင်အောင် ထေရဝါဒ ဗုဒ္ဓဘာသာ၏ အရေးပါသော ဗဟိုချက်နှင့် ယဉ်ကျေးမှု ဆုံချက် ဖြစ်ခဲ့သည့် အဆိုပါ ဘုရားကျောင်းတော်ကြီးသည် ထိုင်းနိုင်ငံ၏ ၉ ခုမြောက် ကမ္ဘာ့အမွေအနှစ်နေရာ (ယဉ်ကျေးမှုဆိုင်ရာတွင် ၆ ခုမြောက်) ဖြစ်လာပြီး ထိုင်းတောင်ပိုင်းဒေသအတွက်မူ ပထမဆုံး ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာခဲ့သည်။

news-view-count-icon

17