မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ၏ (၅) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ဇူလိုင် ၂၅ ရက်က ရန်ကုန်မြို့ Sedona Hotel ၌ အောင်မြင်စွာ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သံတမန်များ၊ နိုင်ငံတကာ ကုန်သွယ်စက်မှုအသင်းများနှင့် UMFCCI မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် MYANWEN အသင်းဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


