ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် တရားဝင် သတ်မှတ်ထုတ်ပြန်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် အနောက်တိုင်း ဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့သည့် အဆိုပါ ဟော်နန်းကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ပြီးနောက် ယဉ်ကျေးမှုပြတိုက်အဖြစ် ထားရှိကာ ခရီးသွားများ လေ့လာနိုင်ရန် သတ်မှတ်ချိန်အတိုင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင် သတ်မှတ်
Jul 25 • 12:42 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 19 | 0 | 0 | 0 |


