ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစား ပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦး (စုစုပေါင်း ၅၅ ဦး) ကို ဇူလိုင် ၂၄ ရက်က စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ လုံခြုံရေး ပူးပေါင်းအဖွဲ့သည် စွမ်စော် (၂) လမ်းရှိ နေအိမ်များကို ဝင်ရောက် စစ်ဆေးရာမှ ကွန်ပျူတာများ၊ ဖုန်းများ၊ Star Link အင်တာနက်စက် အပါအဝင် အခြား ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူများကို ဥပဒေအတိုင်း ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်၌ အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅ ဦးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
Jul 25 • 12:40 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 15 | 0 | 0 | 0 |


