မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) ၌ တစ်ခါသုံး ဆေးထိုးအပ်များကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ပြန်လည်ထုတ်လုပ်နေပြီဖြစ်သည်။ အဆိုပါ ဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Valves Private Limited ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြသည်။ ယင်းစက်ရုံအနေဖြင့် ပြည်တွင်း ဆေးပစ္စည်း လိုအပ်ချက်ကို ဖြည့်ဆည်းရန် အရွယ်အစား (၄) မျိုး (3ml, 5ml, 10ml, 20ml) ကို အဓိကထားကာ တစ်နှစ်လျှင် ခုရေ သန်း ၁၀၀ အထိ တိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Jul 25 • 9:34 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 17 | 0 | 0 | 0 |


