back

အင်ဒိုနီးရှား ကုန်သွယ်မှုပြပွဲ (TEI 2026) တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်

Jul 25 • 9:31 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှား ကုန်သွယ်မှုပြပွဲ (TEI 2026) တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်

အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂီရန်မြို့၌ အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်သော (၄၁) ကြိမ်မြောက် Trade Expo Indonesia (TEI) 2026 တွင် မြန်မာလုပ်ငန်းရှင်များ...

အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂီရန်မြို့၌ အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်သော (၄၁) ကြိမ်မြောက် Trade Expo Indonesia (TEI) 2026 တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ဖိတ်ခေါ်ထားသည်။ ယင်းပြပွဲနှင့် ပတ်သက်၍ ပါဝင်ပြသမည့် ကုန်သွယ်ရေးကဏ္ဍများ၊ ဝယ်ယူသူများ မှတ်ပုံတင်ခြင်း၊ စီးပွားရေး ချိတ်ဆက်မှု အစီအစဉ်များနှင့် စီးပွားရေး ဖိုရမ်များ စသည့် အခွင့်အလမ်းဆိုင်ရာ အကြောင်းအရာများကို အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်များက ဇူလိုင် ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

22