back

မြန်မာ့ပထမဆုံး စိတ်ကူးယဉ် ရှေးခေတ်ဒရာမာဇာတ်လမ်းတွဲ "ချစ်သော မဟေသီ" ကန်တော့ပွဲပေးပွဲ ကျင်းပ

Jul 25 • 9:27 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာ့ပထမဆုံး စိတ်ကူးယဉ် ရှေးခေတ်ဒရာမာဇာတ်လမ်းတွဲ "ချစ်သော မဟေသီ" ကန်တော့ပွဲပေးပွဲ ကျင်းပ

မြန်မာ့ပထမဆုံး စိတ်ကူးယဉ် ရှေးခေတ် ဒရာမာဇာတ်လမ်းတွဲဖြစ်သည့် "ချစ်သော မဟေသီ" ဇာတ်လမ်းတွဲ၏ ကန်တော့ပွဲပေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြိ...

မြန်မာ့ပထမဆုံး စိတ်ကူးယဉ် ရှေးခေတ် ဒရာမာဇာတ်လမ်းတွဲဖြစ်သည့် "ချစ်သော မဟေသီ" ဇာတ်လမ်းတွဲ၏ ကန်တော့ပွဲပေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မဟာဝိဇယဘုရား၌ ပြုလုပ်ခဲ့သည်။အဆိုပါ ဇာတ်လမ်းတွဲသည် CANAL+ နှင့် အောင်ဇမ္ဗူတို့၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး Season 1 နှင့် Season 2 ခွဲ၍ ရိုက်ကူးသွားမည်ဖြစ်သည်။ Season 1 ကို ဒါရိုက်တာ နိုရာကိုက ရိုက်ကူးမည်ဖြစ်ကာ သရုပ်ဆောင်များအဖြစ် အောင်ဇမ္ဗူ၊ စစ်မင်းထက်၊ မင်းမြတ်စိုးစံ၊ မေမီကိုကို၊ JK Sophia၊ ဟန်နလာ၊ အင်ကြင်းဖူး၊ အရိုင်း၊ ဇော်ဝင်းနိုင်(မန်း)၊ ဂွမ်းပုံကြီး နှင့် ကလေးသရုပ်ဆောင် မိုဂျီတို့ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

18