back

မုတ်သုံလေ အားကောင်းလာနိုင်၍ အချို့ဒေသများ၌ မိုးကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတွင် လှိုင်းမြင့်နိုင်ကြောင်း မိုးဇလ သတိပေး

Jul 25 • 9:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မုတ်သုံလေ အားကောင်းလာနိုင်၍ အချို့ဒေသများ၌ မိုးကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတွင် လှိုင်းမြင့်နိုင်ကြောင်း မိုးဇလ သတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ပြီး လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၂ ရက်အတွင...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ပြီး လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။ ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်ကြောင်း သိရသည်။

news-view-count-icon

24