စပိန်နိုင်ငံ မက်ဒရစ်မြို့ပြင်တွင် တောမီးများ အပြင်းအထန် လောင်ကျွမ်းနေသည့်အတွက် ဇူလိုင် ၂၃ ရက်တွင် နိုင်ငံအဆင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း Reuters သတင်းအရ သိရသည်။ မီးလောင်ကျွမ်းမှုနှင့် ရာသီဥတု ဆိုးရွားမှုများကြောင့် မီးသတ်သမားများ ခက်ခဲစွာ ငြှိမ်းသတ်နေရပြီး ပြည်သူ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ အမျိုးသား ပြည်သူ့ကာကွယ်ရေး စနစ်ဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာလိုက်သဖြင့် ပြည်ထဲရေးဝန်ကြီးက မီးငြှိမ်းသတ်ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို တိုက်ရိုက် ကိုင်တွယ် ကွပ်ကဲသွားမည် ဖြစ်သည်။
| 20 | 0 | 0 | 0 |


