back

ထိုင်းဘုရားကျောင်းအတွင်း အမျိုးသမီး ဝင်ရောက်ခွင့် တားမြစ်မှုကြောင့် ကျား၊ မ တန်းတူညီမျှရေး အချေအတင် ငြင်းခုံမှုများ ဖြစ်ပွား

Jul 25 • 9:09 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဘုရားကျောင်းအတွင်း အမျိုးသမီး ဝင်ရောက်ခွင့် တားမြစ်မှုကြောင့် ကျား၊ မ တန်းတူညီမျှရေး အချေအတင် ငြင်းခုံမှုများ ဖြစ်ပွား

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ "ငွေကျောင်းတော်" (ဝတ်သီရိ ဆုန် ဘုရားကျောင်း) ၏ အူဘိုဆော့ ဘုရားကျောင်းအတွင်းသို့ အမျိုးသားများကိုသာ ဝင်ရောက်ခွင့်ပြုပြီး အမျိုးသမီးမျ...

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ "ငွေကျောင်းတော်" (ဝတ်သီရိ ဆုန် ဘုရားကျောင်း) ၏ အူဘိုဆော့ ဘုရားကျောင်းအတွင်းသို့ အမျိုးသားများကိုသာ ဝင်ရောက်ခွင့်ပြုပြီး အမျိုးသမီးများကို ဝင်ရောက်ခွင့် တားမြစ်ထားသည့် အသိပေးချက် ဓာတ်ပုံကို ခရီးသွားတစ်ဦးက X (တွစ်တာ) ပေါ်တွင် ဝေမျှခဲ့ရာမှ အွန်လိုင်း၌ ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ ဆွေးနွေးဝေဖန်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ဝင်ခွင့်လက်မှတ်ကို အမျိုးသားရော အမျိုးသမီးပါ ဝယ်ယူရသော်လည်း အမျိုးသမီးများအား ပြင်ပမှသာ ဖုန်းဖြင့် ဖူးမြော်ခွင့်ပြုထားသည့်အတွက် ကမ္ဘာတစ်ဝန်း ကြည့်ရှုသူ ၄ ဒသမ ၅ သန်းကျော်ရှိသွားပြီး ဝေဖန်မှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

12