မန်စီးတီး အသင်းနည်းပြသစ် မာရက်စကာက အသင်းတွင် ဂွါဒီယိုလာ၏ ၁၀ နှစ်တာ အအောင်မြင်ဆုံး ကာလများအပြီး ၎င်း၏နေရာ၌ အစားထိုး ဝင်ရောက်ခွင့်ရခြင်းမှာ အခွင့်ထူးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မန်ယူနိုက်တက်နှင့် အာဆင်နယ်တို့တွင် ဂန္ထဝင်နည်းပြများ နှုတ်ထွက်ပြီးနောက် အစားထိုးရာ၌ အခက်အခဲများ ရှိခဲ့သော်လည်း စိတ်ပျက်အားငယ်မည် မဟုတ်ဟု ၎င်းက ဆိုသည်။ ထို့ပြင် ရီးယဲလ်မက်ဒရစ်နှင့် သတင်းထွက်နေသည့် ကွင်းလယ်လူ ရိုဒရီကို လာမည့်ရာသီတွင် အသင်း၌ ဆက်ရှိစေချင်ပြီး အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ်များ ထပ်မံခေါ်ယူရန်ရှိကြောင်း မာရက်စကာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Jul 25 • 9:08 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


