၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အာဆီယံ ပညာရေးကဏ္ဍ၏ သဘာပတိအဖြစ် တာဝန်ယူမည့် စင်ကာပူနိုင်ငံသည် “အာဆီယံ ပညာရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း ၂၀၂၆-၂၀၃၀” အရ ဒေသတွင်း ပညာရေး၌ ဉာဏ်ရည်တု (AI) သုံးစွဲမှု၊ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ) ပညာရေးနှင့် ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ဦးဆောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ စင်ကာပူတွင် ကျင်းပသည့် (၁၄) ကြိမ်မြောက် အာဆီယံ ပညာရေးဝန်ကြီးများ အစည်းအဝေး၌ မိတ်ဆက်ခဲ့သော ယင်းစီမံချက်သည် ကျွမ်းကျင်မှုမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဒေသတွင်း လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ကြောင်း စင်ကာပူ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Jul 25 • 9:10 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


