ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် စလဘူရီခရိုင်ရှိ ဂိုဒေါင်/နေအိမ်များတွင် ကာလပေါက်ဈေး ဘတ် ၂.၆ သန်းတန်ဖိုးရှိ Downy အမွှေးဆီ၊ Cocoa တံဆိပ် အိုဗာတင်းနှင့် Nescafe ကော်ဖီအတု ထုပ်ပေါင်း ၂.၂ သိန်းကျော်ကို အထူးစုံစမ်းစစ်ဆေးရေးဌာန (CBI) က ဇူလိုင် ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ကုန်ပစ္စည်းများကို သတ်မှတ်ဈေးထက် လျှော့ရောင်းနေကြောင်း သက်ဆိုင်ရာ ကုမ္ပဏီ၏ တိုင်ကြားချက်အရ စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ပစ္စည်းများတွင် စံချိန်စံညွှန်း မပြည့်မီခြင်းနှင့် သုံးစွဲသူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် ဓာတုဆေးဝါးများ ပါဝင်နေသဖြင့် တာဝန်ရှိသူများက ထုတ်လုပ်သူများကို စစ်ဆေးမေးမြန်းကာ ဥပဒေအတိုင်း အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။
Jul 25 • 8:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


