ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကျောင်းများအနေဖြင့် နိုင်ငံတော်အစိုးရ၊ လွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဇူလိုင် ၂၄ ရက်တွင် လွှတ်တော်သို့ လာရောက်လေ့လာသည့် ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူများနှင့်တွေ့ဆုံစဉ် တိုက်တွန်းခဲ့သည်။ လက်ရှိတွင် ပညာရေးနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေ ၉ ခုကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်/ဖြည့်စွက်ရန် လေ့လာသုံးသပ်လျက်ရှိပြီး လွှတ်တော်၌လည်း ပညာရေးမြှင့်တင်မှုကော်မတီကို ဖွဲ့စည်းထားကြောင်း၊ အစိုးရအနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူနိုင်ရေးကို ဦးစားပေးဆောင်ရွက်နေသဖြင့် ပုဂ္ဂလိကကျောင်းများ၏ ပါဝင်မှုသည် အရေးပါကြောင်း ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကျောင်းများ နိုင်ငံတော်အစိုးရ၊ လွှတ်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
Jul 25 • 8:39 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


