back

ကိုရီးယားတွင် လုပ်ငန်းခွင်မတော်တဆမှုဖြင့် ကွယ်လွန်သည့် မြန်မာလုပ်သား၏ ရုပ်အလေ-ာင်း နေရပ်ပြန်ပို့နိုင်ရေး မြန်မာသံရုံး ကူညီဆောင်ရွက်

Jul 25 • 6:19 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

ကိုရီးယားတွင် လုပ်ငန်းခွင်မတော်တဆမှုဖြင့် ကွယ်လွန်သည့် မြန်မာလုပ်သား၏ ရုပ်အလေ-ာင်း နေရပ်ပြန်ပို့နိုင်ရေး မြန်မာသံရုံး ကူညီဆောင်ရွက်

ကိုရီးယားသမ္မတနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် မြန်မာလုပ်သား မောင်အောင်မင်းဦး၏ ရုပ်အလေ-ာင်းကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရ...

ကိုရီးယားသမ္မတနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် မြန်မာလုပ်သား မောင်အောင်မင်းဦး၏ ရုပ်အလေ-ာင်းကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး (ဆိုးလ်) က လိုအပ်သည့် ကူညီဆောင်ရွက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။မောင်အောင်မင်းဦးသည် ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က ကိုရီးယားသမ္မတနိုင်ငံ၊ ချွန်းချောင်းတောင်ပိုင်းပြည်နယ်၊ အာဆန်မြို့ရှိ မြေအောက်လှိုဏ်ခေါင်း တည်ဆောက်ရေးလုပ်ငန်းခွင်တွင် မတော်တဆထိခိုက်မှုဖြစ်ပွားကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြန်မာသံရုံး (ဆိုးလ်) မှ တာဝန်ရှိသူများသည် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူများ၊ လုပ်ဖော်ကိုင်ဖက် မြန်မာလုပ်သားများနှင့် တွေ့ဆုံကာ ဖြစ်စဉ်အခြေအနေများကို စိစစ်မေးမြန်းခဲ့သည်။



news-view-count-icon

16