back

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၅၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Jul 25 • 6:10 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၅၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ယနေ့နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော် (၂) လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းက...

ယနေ့နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော် (၂) လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသားအမျိုးသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသားအမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၄ ဦးတို့အား ဖုန်းမျိုးစုံ ၃၃ လုံး၊ All In One ကွန်ပျူတာ ၃၈ လုံး၊ Laptop တစ်လုံး၊ Star Link တစ်လုံး၊ ဆိုင်ကယ်ရှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် အဆိုပါရပ်ကွက်အတွင်း စုံစမ်းရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၀ မိနစ် ခန့်တွင် အဆိုပါလမ်းအတွင်းရှိ နေအိမ်တစ်လုံးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ မြန်မာနိုင်ငံသားအမျိုးသား ၁၁ ဦးအား All In One ကွန်ပျူတာ ၃၃ လုံး၊ CPU သုံးလုံး၊ UPS ငါးလုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 


news-view-count-icon

32