back

MRF က မြန်မာ့ကောက်ညှင်းဆန်ကို တရုတ်က Blacklist လုပ်ထားသည်ဆိုသည့် သတင်း မဟုတ်မှန်ကြောင်း ရှင်းလင်း

Jul 25 • 7:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

MRF က မြန်မာ့ကောက်ညှင်းဆန်ကို တရုတ်က Blacklist လုပ်ထားသည်ဆိုသည့် သတင်း မဟုတ်မှန်ကြောင်း ရှင်းလင်း

မြန်မာ့ကောက်ညှင်းဆန်ကို တရုတ်နိုင်ငံက Blacklist ပြုလုပ်ထားသည်ဆိုသည့် သတင်းများမှာ မမှန်ကန်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဇူလိုင် ၂၄ ရက်တွင် ထုတ်...

မြန်မာ့ကောက်ညှင်းဆန်ကို တရုတ်နိုင်ငံက Blacklist ပြုလုပ်ထားသည်ဆိုသည့် သတင်းများမှာ မမှန်ကန်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ရှင်းလင်းခဲ့သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ၃ လအတွင်း တရုတ်နိုင်ငံသို့ ကောက်ညှင်းဆန် တန်ချိန် ၂,၆၀၀ (အမေရိကန်ဒေါ်လာ ၁.၁ သန်းဖိုး) တင်ပို့ခဲ့ပြီး တရုတ်အပါအဝင် အာရှနှင့် ဥရောပနိုင်ငံများသို့ ပုံမှန်တင်ပို့လျက်ရှိသည်။ MRF အနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် CCIC အပါအဝင် စစ်ဆေးရေးအဖွဲ့များ၏ စိစစ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့နေခြင်းဖြစ်ပြီး သတင်းများကို သက်ဆိုင်ရာထံ အတည်ပြုပြီးမှ ဖော်ပြကြရန် တိုက်တွန်းထားသည်။

news-view-count-icon

32