back

ဂျပန်တိုကျိုတွင် အပူလှိုင်းကြောင့် အမျိုးသားများ ရုံးတွင်း ဘောင်းဘီတို ဝတ်ဆင်မှုအပေါ် ခြေသလုံးမွှေးများ မြင်ရခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ဟု ဂျပန်အမျိုးသမီးများ ဆန့်ကျင်လာကြ

Jul 25 • 3:42 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်တိုကျိုတွင် အပူလှိုင်းကြောင့် အမျိုးသားများ ရုံးတွင်း ဘောင်းဘီတို ဝတ်ဆင်မှုအပေါ် ခြေသလုံးမွှေးများ မြင်ရခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ဟု ဂျပန်အမျိုးသမီးများ ဆန့်ကျင်လာကြ

ကမ္ဘာ့အပူရှိန်များ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာသောကြောင့် ၂၀၀၅ ခုနှစ်မှစတင်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အလုပ်များတွင် အမျိုးသားများ လည်စည်းပါ အနောက်တိုင်း...

ကမ္ဘာ့အပူရှိန်များ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာသောကြောင့် ၂၀၀၅ ခုနှစ်မှစတင်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အလုပ်များတွင် အမျိုးသားများ လည်စည်းပါ အနောက်တိုင်းဝတ်စုံများ ဝတ်ရန်မလိုဘဲ ဘောင်းဘီတိုဖြင့် ရုံးတက်နိုင်စေရန် အစိုးရက Tokyo Cool Biz အစီအစဉ်သစ်အဖြစ် လှုံ့ဆော်ချမှတ် အကောင်အထည်ဖော်နေရာ နိစ္စဓူ၀ အမျိုးသားများ ခြေသလုံးမွှေးများကို မြင်နေရခြင်းက စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု ဂျပန်အမျိုးသမီးအလုပ်သမားများက ဆန့်ကျင်လာကြသည်။

နောက်ဆုံး ယခုထိုအစီအစဉ်များအား ပိုမိုအဆင့်မြှင့်တင်ခြင်းဖြင့် လေအေးပေးစက် သုံးခြင်းကို လျှော့ချပြီး အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စွမ်းအင်ရှားပါးမှု ပြဿနာကိုပါ တစ်ပါတည်း ပိုမိုကာကွယ်နိုင်ရန် ဘောင်းဘီတိုဖြင့် ရုံးတက်ရန် မြင့်တင်လှုံ့ဆော်နေခြင်းဖြစ်သည်။အမျိုးသားလုပ်ဖော်ကိုင်ဖက်များ ခြေသလုံးမွှေးများမြင်ရခြင်းက စိတ်မသက်မသာ ဖြစ်စေသော အနှောင့်အယှက်တစ်ခု ဖြစ်ရကြောင်း အွန်လိုင်းပေါ်မှ အမျိုးသမီးအလုပ်သမားများအကြား စောဒကတက်မှု ကမ်ပိန်းများလည်း လုပ်ဆောင်လာကြသည်။ ဂျပန်တွင် ရုံးယူနီဖောင်းများက အတိုများဖြစ်နေလျှင်ပင် အမျိုးသမီးများသည် ခြေအိတ်အရှည်ဖြင့် ခြေသလုံးသားကို မမြင်စေရန် ဝတ်ဆင်သည့်ဓလေ့ရှိရာမှ ယခုအမျိုးသားများ၏ ခြေသလုံးမွှေးများကို နိစ္စဓူ၀မြင်နေရခြင်းအပေါ် အွန်လိုင်းပေါ်၌ (leg hair harassment) ဆိုသည့် ခြေသလုံးမွှေးအနှောင့်ယှက် ကမ်ပိန်းများ လုပ်ဆောင်လာကြသည်။ဇွန်လအတွင်းက ဘောင်းဘီတိုဖြင့် ရုံးတက်ကြမှုကို Gorilla ဆေးခန်းက ဆန္ဒမဲကောက်ခံခဲ့ရာ ၅၃ ဒသမ ၅ ရာခိုင်နှုန်းက ကန့်ကွက်ကြပြီး ၄၆ ဒသမ ၆ ရာခိုင်နှုန်းကသာ ထောက်ခံအားပေးခဲ့သည်။ ကန့်ကွက်သူများထဲ အမျိုးသမီးအများဆုံး ဖြစ်နေပြီး ပေါ့ပါးလွတ်လပ်ကာ အပူသက်သာစေသောကြောင့် အမျိုးသားအများစုက ထောက်ခံကြခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။


news-view-count-icon

22