back

ဂျပန်ရောက် မြန်မာနိုင်ငံသားများအတွက် နိုတြီစာရွက်စာတမ်းအတုများ သတိပြုရန် မြန်မာသံရုံး (တိုကျို) အသိပေး

Jul 25 • 5:23 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်ရောက် မြန်မာနိုင်ငံသားများအတွက် နိုတြီစာရွက်စာတမ်းအတုများ သတိပြုရန် မြန်မာသံရုံး (တိုကျို) အသိပေး

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ နိုတြီစာရွက်စာတမ်း ထပ်ဆင့်ထောက်ခံချက်လျှောက်ထားမှုများတွင် ဂျပန်နိုင်ငံရှိ ပွဲစားများမှတစ်ဆင့် သက်ဆိုင်ရာအရာထမ်းများ၏ လက...

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ နိုတြီစာရွက်စာတမ်း ထပ်ဆင့်ထောက်ခံချက်လျှောက်ထားမှုများတွင် ဂျပန်နိုင်ငံရှိ ပွဲစားများမှတစ်ဆင့် သက်ဆိုင်ရာအရာထမ်းများ၏ လက်မှတ်နှင့် တံဆိပ်များကို အတုအပပြုလုပ်ထားသည့် စာရွက်စာတမ်းများ တွေ့ရှိရသဖြင့် သတိပြုကြရန် မြန်မာသံရုံး (တိုကျို) က ဇူလိုင် ၂၄ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်း၊ အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် စာရွက်စာတမ်းများကို နိုတြီဘာသာပြန်ဆိုရာ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အသိအမှတ်ပြုထားသည့် နိုတြီပဗ္ဗလစ်ရှေ့နေများ၏ ထောက်ခံချက်ရရှိထားသည့် စာရွက်စာတမ်းများကိုသာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ နိုတြီဌာနစိတ်က ထပ်ဆင့်ထောက်ခံပေးလျက်ရှိကြောင်း ဖော်ပြထားသည်။



news-view-count-icon

11