ထိုင်းအစိုးရက နိုင်ငံရှိသက်တမ်းလွန်နေပြီဖြစ်သော သယ်ယူပို့ဆောင်ရေးယာဉ်အစီးရေ ၈၀,၀၀၀ ကို လျှပ်စစ်စွမ်းအင်သုံးယာဉ်(EV)များဖြင့်အစားထိုးသွားနိုင်ရေးအတွက်စီစဉ်နေပြီး ထိုအစီအစဉ်အတွက်ဘတ် ၂၄ ဘီလီယံအထိအသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်အဆိုပါကနဦးအစီအစဉ်အရ အစားထိုးသွားမည့်ယာဉ်များတွင် အငှားယာဉ်များ၊မော်တော်ဆိုင်ကယ် တက္ကစီများ၊ သုံးဘီးယာဉ်များ၊ ဘတ်စ်ကားများနှင့် ထရပ်ကားများပါဝင်ပြီး ၎င်းယာဉ်များနေရာ၌အလားတူ EV ယာဉ်များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း ဒုတိယပို့ဆောင်ရေးဝန်ကြီးကပြောသည်။ယခုသတ်မှတ်ထားသည့်ရန်ပုံငွေများကို EV များဝယ်ယူရေးအတွက် ထောက်ပံ့ကြေးပေးခြင်း၊ အတိုးနှုန်းနည်းနည်းဖြင့်ချေးပေးခြင်း၊ သတ်မှတ်ထားသည့်ယာဉ်များအတွက် အခွန်ကင်းလွတ်ခွင့်ပေးပြီး ဆွဲဆောင်ခြင်းကဲ့သို့သော ပုံစံအမျိုးမျိုးဖြင့်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဖော်ပြ ထားသည်။ထိုင်းနိုင်ငံသည် ဒေသတွင်းနိုင်ငံများစွာအနက် မော်တော်ကားကိုအများဆုံးထုတ်လုပ်ရသည့် နိုင်ငံဖြစ် သော်လည်း ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းမော်တော်ကားရောင်းချရမှုပမာဏက ၁၅ နှစ်အတွင်းအနိမ့်ဆုံးသို့ ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင်အိမ်ရာချေးငွေများ မြင့်တက်လာခြင်း၊ ချေးငွေချေးယူမှုအတွက် စည်းကမ်းချက်များကို တင်းကျပ်ခြင်းတို့ကြောင့် မော်တော်ကားဝယ်ယူမှုကျဆင်းလာရခြင်း ဖြစ်သည်။ယခုအခါ အစိုးရကအစီအစဉ်ဖြင့် သယ်ယူပို့ဆောင်ရေးယာဉ်အမြောက်အမြားကိုEV များဖြင့်အစားထိုး လဲလှယ်သွားမည့်အစီအစဉ်သည် ထိုင်းနိုင်ငံ၏ ပြည်တွင်းမော်တော်ကား ဝယ်လိုအားကိုမြင့်တက်စေရန် အကူ အညီ ပေးနိုင်စေမည်ဟုမျှော်လင့်ရကြောင်း ဈေးကွက်ကျွမ်းကျင်သူများက လေ့လာသုံးသပ်မှုပြုလုပ်ထား သည်ဟုသိရသည်။



