ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ အာခိတ်ကားဂိတ်တွင် အွန်လိုင်းလက်မှတ်ပါ ယာဉ်လိုင်းကောင်တာအား ရှာမတွေ့ဘဲ ဖြစ်နေသည့် မြန်မာခရီးသွား ၂ ဦးကို ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့က သွားရောက်ကူညီ၍ ကားပေါ်သို့ စနစ်တကျ တင်ပေးခဲ့ကြောင်း ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ယာဉ်လိုင်းမှာ အွန်လိုင်း လက်မှတ်ဝယ်ယူသည့် အက်ပလီကေးရှင်းတွင် စတင် ပါဝင်ပြေးဆွဲပေးခြင်း ဖြစ်သောကြောင့် ခရီးသွားများအတွက် ကောင်တာရှာဖွေရန် ခက်ခဲနေခြင်းဖြစ်ကြောင်း ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ချင်းမိုင် ကားဂိတ်တွင် ယာဉ်လိုင်း ရှာမတွေ့သည့် မြန်မာခရီးသည်များကို ထိုင်းရဲ ကူညီ
Jul 24 • 1:40 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


