back

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် KTV တစ်ခုတွင် မူးယစ်ဆေး သုံးစွဲမှုလွန်ပြီး ၂ ဦး သေဆုံး

Jul 24 • 1:38 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် KTV တစ်ခုတွင် မူးယစ်ဆေး သုံးစွဲမှုလွန်ပြီး ၂ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ နာမည်ကြီး KTV တစ်ခုတွင် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက မူးယစ်ဆေး (K) ရှူလွန်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရ...

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ နာမည်ကြီး KTV တစ်ခုတွင် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက မူးယစ်ဆေး (K) ရှူလွန်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သီးသန့်ခန်းအတွင်း အမျိုးသား ၃ ဦး မူးယစ်ဆေးသုံးစွဲပြီး အချိုရည် သောက်နေစဉ် ၁ ဦးမှာ အခန်းအတွင်း ရုတ်တရက် သေဆုံးခဲ့ကာ ကျန် ၂ ဦးကို မူဆယ်ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်စဉ် နောက်ထပ် ၁ ဦး ထပ်မံ သေဆုံးသွားခြင်း ဖြစ်သည်။ မူဆယ်မြို့တွင် KTV အသေး/အကြီး ၇၀ ခန့်ရှိပြီး အုပ်ချုပ်ရေးပိုင်းသို့ လာဘ်ပေးကာ မူးယစ်ဆေးဝါးနှင့် လိင်ဖျော်ဖြေရေးများ ပါဝင်သည့် ညဘက်ဖျော်ဖြေရေး လုပ်ငန်းများကို တရားမဝင် ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ထားကြကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။

news-view-count-icon

16