ထိုင်းဗဟိုဘဏ် (BoT) သည် အရောင်းအဝယ်စနစ်များ ပွင့်လင်းမြင်သာမှုရှိစေရန်၊ မသင်္ကာဖွယ် ငွေကြေးစီးဆင်းမှု အန္တရာယ် လျှော့ချရန်နှင့် ဘတ်ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် ရွှေဆိုင်များတွင် ရွှေတုံး/ရွှေခဲ အရောင်းအဝယ်ပြုလုပ်ရာ၌ သုံးစွဲသည့် ငွေသားပမာဏကို ကန့်သတ်ရန် ပြင်ဆင်လျက်ရှိသည်။ သာမန်ဝယ်ယူသူများအတွက် တစ်ရက်လျှင် ရွှေဆိုင်တစ်ဆိုင်၌ ဘတ် ၁ သန်းမှ ၁၀ သန်းကြားနှင့် ရွှေကုန်သည် အချင်းချင်းအတွက် ဘတ် ၁၀ သန်းမှ သန်း ၈၀ ကြား ငွေသားသုံးစွဲခွင့်ပြုရန် မူကြမ်းတွင် ပါဝင်ပြီး ယင်းထက် ကျော်လွန်ပါက ဘဏ်စနစ်သုံး ငွေပေးချေမှုများကိုသာ သုံးစွဲရမည်ဖြစ်သည်။ ပြင်ပရွှေဆိုင်များတွင် ငွေသားဖြင့် တိုက်ရိုက်ဝယ်ယူမှုများကို ပိုမို ထိန်းချုပ်စိစစ်နိုင်ရန်အတွက် အဆိုပါ စည်းမျဉ်းအသစ်ကို တိုးချဲ့ပြဋ္ဌာန်းရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
Jul 24 • 1:36 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


