နိုင်ငံခြားသား ကလေးငယ် ၁,၅၀၀ နီးပါးကို အခကြေးငွေယူ၍ မွေးစာရင်း၌ "ထိုင်းဖခင်တု" အဖြစ် ဟန်ပြ နာမည်လွှဲထည့်သွင်းကာ ထိုင်းနိုင်ငံသားအဖြစ် တရားမဝင် ပြုလုပ်ပေးနေသည့် ဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စုံစမ်းဖော်ထုတ် ဖမ်းဆီးလိုက်သည်။ ဇူလိုင် ၂၄ ရက် သတင်းစာရှင်းလင်းပွဲအရ တရုတ်မိဘ ၂ ဦးနှင့် ထိုင်းဖခင်တု ၂ ဦး (စုစုပေါင်း ၄ ဦး) ကို ဖမ်းဆီးရမိထားပြီး အလားတူ နာမည်လွှဲယူထားသည့် ကလေး ၁,၄၈၃ ဦးကို ထပ်မံ စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါ ဖြစ်စဉ်တွင် ပုဂ္ဂလိက ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်း အချို့ ပါဝင်ပတ်သက်နေသဖြင့် ဘန်ကောက်နှင့် တစ်နိုင်ငံလုံးရှိ ဆေးရုံပေါင်း ၆၀၀ ကျော်ကို စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ပြုလုပ်နေပြီး ပါဝင်ပတ်သက်သည့် ဝန်ထမ်းများကို အပြင်းထန်ဆုံး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသား ကလေး ၁,၅၀၀ နီးပါးကို ထိုင်းနိုင်ငံသားအဖြစ် တရားမဝင် ပြုလုပ်ပေးခဲ့သည့် "ထိုင်းဖခင်တု" ဂိုဏ်းကို ရဲတပ်ဖွဲ့ ဖမ်းဆီး
Jul 24 • 1:34 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


