back

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၄၁) ကြိမ်မြောက် Indonesia Trade Expo (TEI) 2026 တွင် ပါဝင်ပြသရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်

Jul 24 • 1:02 PM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၄၁) ကြိမ်မြောက် Indonesia Trade Expo (TEI) 2026 တွင် ပါဝင်ပြသရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်

အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး နိုင်ငံတကာကုန်သွယ်မှုပြပွဲဖြစ်သည့် (၄၁) ကြိမ်မြောက် Indonesia Trade Expo (TEI) 2026 ကို လာမည့် အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အင်...

အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး နိုင်ငံတကာကုန်သွယ်မှုပြပွဲဖြစ်သည့် (၄၁) ကြိမ်မြောက် Indonesia Trade Expo (TEI) 2026 ကို လာမည့် အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂီရန်မြို့ရှိ Indonesia Convention Exhibition (ICE) BSD ၌ "The Ultimate Hub for Global Sourcing" ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ရာ မြန်မာစီးပွားရေးလုပ်ငန်းရှင်များကို ပါဝင်ပြသရန် ဖိတ်ခေါ်ထားသည်။ အဆိုပါ ပြပွဲနှင့် ပတ်သက်သည့် အသိပညာပေး ရှင်းလင်းပွဲကို ဇူလိုင် ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး၌ ပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက ပြပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

16