back

DEMU ရထားပေါ်တွင် စည်းကမ်းဖောက်ဖျက်ခဲ့သည့် ခရီးသည် ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေဖြင့် အမှုဖွင့်အရေးယူ

Jul 24 • 12:51 PM

breaking-news

မြန်မာ

မန္တလေး

cover

DEMU ရထားပေါ်တွင် စည်းကမ်းဖောက်ဖျက်ခဲ့သည့် ခရီးသည် ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေဖြင့် အမှုဖွင့်အရေးယူ

ရန်ကုန်-မန္တလေး အမှတ် (၃) အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ ပြုမူခဲ့သည့် ခရီးသည် အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့် အ...

ရန်ကုန်-မန္တလေး အမှတ် (၃) အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ ပြုမူခဲ့သည့် ခရီးသည် အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ပျဉ်းမနားဘူတာသို့ ရောက်ရှိလာသည့် အဆိုပါ ရထား၏ အထက်တန်းတွဲအတွင်း ကျယ်လောင်စွာ စကားပြောဆိုခြင်း၊ ကွမ်းစား၍ ထိုင်ခုံအစွပ်များပေါ် ကွမ်းတံတွေး ပေကျံစေခြင်း၊ ရထားပေါ်တွင် ကွမ်းတံတွေးဘူးများ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဖြစ်စဉ် ဗီဒီယို TikTok ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ရထားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ ယခုကဲ့သို့ အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

23