မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်း၊ နန်းခွင်နှင့် ဟိုပင်ဘူတာအကြားတွင် သံလမ်းထိန်းကလစ်များ ခိုးယူဖျက်ဆီးခံရမှုကြောင့် ရထားလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း နန်းခွင်ဘူတာမှ ထွက်ခွာလာသည့် ရထားလမ်းလုံခြုံရေး ကင်းလှည့်ရထားသည် နန်းခွင်နှင့် ဟိုပင်ဘူတာအကြား မိုင်တိုင် ၆၅၄/၂ နှင့် ၁ ကြားအရောက်၌ ရထားစက်ခေါင်းနှင့်အတူ တွဲ ၂ တွဲ လမ်းချော်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် နန်းခွင်-ဟိုပင် လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
Jul 24 • 12:49 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 10 | 0 | 0 | 0 |


