ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်း၊ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် စသည့် ဒေသ ၁၃ ခုတွင် မိုးရွာသွန်းမှု အားကောင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ဒေသများ၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် ရေကြီးခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များကို ကြိုတင်သတိပြုကြရန် မိုးဇလက တိုက်တွန်းထားကြောင်း သိရသည်။
Jul 24 • 12:46 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


