back

လန်ဒန်မြို့တွင် ကျင်းပသည့် ASEAN-London Committee အစည်းအဝေးကို မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်

Jul 24 • 12:41 PM

breaking-news

မြန်မာ

ပြည်ပ

cover

လန်ဒန်မြို့တွင် ကျင်းပသည့် ASEAN-London Committee အစည်းအဝေးကို မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ထိုင်းသံရုံး၌ ဇူလိုင် ၂၂ ရက် ညနေပိုင်းက ကျင်းပခဲ့သည့် ASEAN-London Committee (ALC) အစည်းအဝေး (၆/၂၀၂၆) သို့ မြန်မာသံရုံး (လန်ဒန်) ၏...

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ထိုင်းသံရုံး၌ ဇူလိုင် ၂၂ ရက် ညနေပိုင်းက ကျင်းပခဲ့သည့် ASEAN-London Committee (ALC) အစည်းအဝေး (၆/၂၀၂၆) သို့ မြန်မာသံရုံး (လန်ဒန်) ၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံ-လန်ဒန်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား သံအမတ်ကြီးက ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ထိုင်းသံအမတ်ကြီးထံ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးခဲ့သည်။ ထို့အပြင် မြန်မာသံရုံး ယာယီတာဝန်ခံကလည်း နိုင်ငံတော်၏ ခရီးစဉ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ အပါအဝင် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

21