၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်သဖြင့် လက်ရှိတွင် စက်စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိသည့် အဆိုပါ စက်ရုံသည် တပ်ဆင်စက်အင်အား ၁၄၀ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၄၅၄ သန်းကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနေသည့် အဓိက စက်ရုံတစ်ရုံ ဖြစ်ကြောင်း သိရသည်။
ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ ပြန်လည်ပြုပြင်ပြီးစီး၍ စက်စွမ်းအားပြည့် ဓာတ်အားထုတ်လုပ်နေပြီဖြစ်
Jul 24 • 12:38 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


