ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဇူလိုင် ၂၄ ရက် နံနက် ၆ နာရီခွဲကျော်ခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် အိမ်စီးကားတစ်စီးသည် မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့တွင် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jul 24 • 12:53 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 18 | 0 | 0 | 0 |


