ပဲခူးတိုင်းဒေသကြီးရှိ စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၃ ရက် ညနေပိုင်း တိုင်းထွာချက်အရ တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အောက် (၃) ပေခွဲကျော်အလိုသို့ ရောက်ရှိနေပြီး လာမည့် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီ ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် မိုးဇလက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။


