back

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး ဘောလုံးအသင်း အဖွင့်ပွဲအဖြစ် တောင်ကိုရီးယားနှင့် ယှဉ်ပြိုင်ရမည်

Jul 24 • 12:10 PM

breaking-news

မြန်မာ

ပြည်ပ

cover

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး ဘောလုံးအသင်း အဖွင့်ပွဲအဖြစ် တောင်ကိုရီးယားနှင့် ယှဉ်ပြိုင်ရမည်

ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယားများ အရ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း...

ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယားများ အရ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူ ကျရောက်နေကြောင်း သိရသည်။ မြန်မာအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် Osaka မြို့ရှိ Nagai Stadium ၌ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့နောက် ဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယား၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်တို့နှင့် အဆိုပါ ကွင်း၌ပင် ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

news-view-count-icon

9