back

မိုးတိမ်တောင်များ ရွှေ့လျားနေသည့် ရန်ကုန်တိုင်း၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်

Jul 24 • 12:06 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မိုးတိမ်တောင်များ ရွှေ့လျားနေသည့် ရန်ကုန်တိုင်း၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အများအပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ယင်းမိုးတိမ်တောင်များ ရွှေ့လျားမှုကြောင့် မိုးရွာသွန်းခြင်း...

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အများအပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ယင်းမိုးတိမ်တောင်များ ရွှေ့လျားမှုကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း အပါအဝင် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၃ ရက် ညပိုင်းတွင် အသိပေး ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအပြင် ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်လည်း မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

15