back

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပြန်ကစားရန် အာဂျင်တီးနား ပရိသတ်များ လက်မှတ်ရေးထိုး တောင်းဆို

Jul 24 • 7:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပြန်ကစားရန် အာဂျင်တီးနား ပရိသတ်များ လက်မှတ်ရေးထိုး တောင်းဆို

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းက အာဂျင်တီးနားအသင်းကို ၁ ဂိုး - ၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဖြစ်သွားသည့် ပွဲရလဒ်ကို မကျေနပ်သဖြင့် ပွဲပြန်လည်ယှ...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းက အာဂျင်တီးနားအသင်းကို ၁ ဂိုး - ၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဖြစ်သွားသည့် ပွဲရလဒ်ကို မကျေနပ်သဖြင့် ပွဲပြန်လည်ယှဉ်ပြိုင်ကစားပေးရန် အာဂျင်တီးနား ပရိသတ်များက Change.org ဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းတွင် လက်မှတ်ရေးထိုး တောင်းဆိုလျက်ရှိသည်။ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းအထိ အဆိုပါ တောင်းဆိုလွှာ၌ လက်မှတ်ပေါင်း ၉၄,၀၀၀ ကျော် (၉၄,၃၀၀ ကျော်) စုဆောင်းရရှိထားပြီး အွန်လိုင်း ပလက်ဖောင်းများပေါ်တွင် အားကောင်းစွာ ရေပန်းစားလျက်ရှိကြောင်း သိရသည်။

news-view-count-icon

33