အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ အဘူဒါဘီ အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အဝလွန်ခြင်း၊ ဆီးချိုနှင့် နာတာရှည်ရောဂါများ လျှော့ချနိုင်ရေး Healthy Living အစီအစဉ်အရ စူပါမားကတ်များ၌ အစီအမံသစ်များ စတင်ကျင့်သုံးလျက်ရှိသည်။ အဆိုပါ စည်းမျဉ်းအရ စူပါမားကတ်များ၏ ဝင်ပေါက်များ၊ ကုန်ပစ္စည်းစင် အဆုံးများ (End of Aisles) နှင့် ငွေရှင်းကောင်တာ အနီးရှိ အလွယ်တကူ စိတ္တဇစိတ်ဖြင့် ဝယ်ယူလေ့ရှိသည့် နေရာများ (Temptation/Impulse Zones) မှ အဆီ၊ သကြားနှင့် ဆားဓာတ် မြင့်မားသော ကျန်းမာရေးနှင့် မညီညွတ်သည့် မုန့်ပဲသရေစာများကို ဖယ်ရှားရန် ညွှန်ကြားထားခြင်း ဖြစ်သည်။အဆိုပါ လမ်းညွှန်ချက်များကြောင့် အဘူဒါဘီမြို့နေ ပြည်သူများသည် ငွေရှင်းကောင်တာနှင့် စင်ရှေ့များတွင် အချိုမုန့်များနှင့် အာလူးကြော်များအစား ကျန်းမာရေးနှင့်ညီညွတ်သည့် သစ်သီးဝလံများ၊ အခွံမာသီးများနှင့် အဟာရပြည့်ဝသော မုန့်များကို အစားထိုး ဝယ်ယူလာကြသည်။ ထို့ပြင် အဘူဒါဘီ အာဏာပိုင်များသည် အစားအသောက် ထုပ်ပိုးမှုများတွင် အာဟာရတန်ဖိုးအပေါ် မူတည်၍ A မှ E အထိ အဆင့်သတ်မှတ်ပေးသည့် Nutri-Mark စနစ်နှင့် လမ်းဘေးကြော်ငြာဘုတ်များတွင် Fast Food ကြော်ငြာခြင်း ပိတ်ပင်သည့် မူဝါဒများကိုပါ ပူးတွဲကျင့်သုံးလျက်ရှိသည်။
ယူအေအီးနိုင်ငံ၊အဘူဒါဘီရှိ စူပါမားကတ်များ၌ မကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို အလွယ်တကူ ဝယ်ယူနိုင်သော နေရာများမှ ဖယ်ရှားခဲ့
Jul 24 • 7:24 AM
UAE
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


